Thursday, July 3, 2014

ဗာတီကန်၌တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ဖိတ်ကြားချက်ကို အီစ္စရေးနှင့် ပါလက်စတိုင်းတို့ လက်ခံ

မေလ ၂၅ရက်နေ့၊ ဘက်သလက်ဟင်မြို့ရှိ ခရစ်တော်မွေးဖွားရာ နွားတင်းကုပ်ရင်ပြင်တော်၌ မစ္ဆားတရားတော်မြတ် ပူဇော်အပြီးတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်က အီစ္စရေးသမ္မတနှင့် ပါလက်စတိုင်းသမ္မတတို့အား ငြိမ်းချမ်းရေးလက်ဆောင်အတွက် ဘုရားသခင်ထံစိတ်နှလုံးအပြည့်ဖြင့် ဆုတောင်းရာ၌ သူနှင့်အတူဆုတောင်းပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် အရှင်သူမြတ်ဖရန်စစ်က သူ၏အိမ် “ဗာတီကန်အား ဤငြိမ်းချမ်းရေးဆုတောင်းမေတ္တာဆုံစည်းရာနေရာအဖြစ် ဆက်ကပ်ပါတယ်” ဟုမိန့်ဆိုခဲ့ပါတယ်။

အရှင်သူမြတ်ဖရန်စစ်၏ ဖိတ်ခေါ်ကမ်းလင့်ချက်ကို လက်ခံကြကြောင်း အီစ္စရေးသမ္မတ စီမွန်ပဲရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်တို့အား ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီစ္စရေးသမ္မတ ပဲရက်စ်ရုံးမှထုတ်ပြန်ချက်တွင် “ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်၏ဖိတ်ခေါ်ခြင်းကို ကျွန်တော်တို့လက်ခံပါတယ်။ သမ္မတကြီးပဲရက်စ်ဟာ ငြိမ်းချမ်းရေးကိုသယ်ဆောင်ပေးမည့် မည်သည့်နေရာမဆို ထောက်ခံကြိုဆိုလျက်ရှိပြီး ဆက်လက်ထောက်ခံကြိုဆိုသွားမယ်” လို့ဆိုပါတယ်။ ပါလက်စတိုင်းသမ္မနှင့် အခြားခေါင်းဆောင်များက ဒီနေ့အထိ လက်မခံနိုင်စရာအခြေနေတွေ ဆက်တိုက်ဖြစ်ပေါ်နေတာတွေ ရပ်တန့်ဖို့ အချိန်အခါကျရောက်ပြီဟု မှတ်ချက်ပေးကြပါတယ်။

အရှင်သူမြတ်ဖရန်စစ်က ၎င်း၏မစ္ဆားတရားတော်မြတ်အပြီးတွင် “ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးကို အလိုရှိကြပါတယ်” ဟုအတည်ပြုမိန့်ဆိုခဲ့ပါတယ်။ “လူပေါင်းများစွာဟာ ၎င်းငြိမ်းချမ်းရေးကို တနေ့ပြီးတနေ့ ၎င်းတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်ငယ်လေးများဖြင့် တည်ဆောက်ယူကြတယ်။ ၎င်းတို့ထဲမှာ အများဆုံးက ဝေဒနာခံစားကြရတယ် - ဒါပေမယ့် စိတ်ရှည်သီးခံစွာနဲ့ ၎င်းတို့တတွေဟာ ငြိမ်းချမ်းရေးလုပ်ဆောင်သူများ အဖြစ် ၎င်းတို့၏ကြိုးစားအားထုတ်မှုမှာ ထိန်းသိမ်းကြတယ်” ဟုအရှင်သူမြတ်ဖရန်စစ်က ထပ်မံဆိုပါတယ်။

အီစ္စရေးနှင့်ပါလက်စတင်းတို့၏ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ယခင်နှစ်ကျော်ကျော်ကတည်းက ပျက်ပြားခဲ့ပြီး အရှင်သူမြတ်ကြီးက ၎င်းကို “မတည်ငြိမ်သည့်ဥတုတစ်ခု” ဟုမိန့်ဆိုလိုက်ပါတယ်။


အရှင်သူမြတ်ဖရန်စစ်၏ အရှေ့အလယ်ပိုင်း ဒေသသို့ ဒေသနာတော် လှည့်လည်ခြင်းနှင့် ဘုရားဖူးခရီးစဉ်တွင် တနင်္ဂလာနေ့၌တွေ့ဆုံမည့် အစည်းအဝေးတစ်ခုလည်း အပါအ၀င်ဖြစ်ပါတယ်။ ၎င်းအစည်းအဝေးတွင် အီစ္စရေးသမ္မတပဲရက်စ်၊ ၀န်ကြီးချုပ် ဘမ်ဂျာမင်နှင့်အတူ ခရစ်ယာန်၊ အီစ္စလန်ဘာသာနှင့် ဂျူးဘာသာမှ ဘာသာရေး ခေါင်းဆောင်ကြီးများလည်း အများအပြားပါဝင်ကြမည်ဟု သိရှိရပါတယ်။
မနောအောင်
Shared from အလင်းသက်သေ

No comments: