ထားခဲ့ပါတယ်
. . .(Shared from အလင်းသက်သေ (မြန်မာ ကက်သလစ် ဘလော့)
" မင်းက
ငအ ငတုံး
မင်းမို့လို့
ဒီလမ်းကိုလျှောက်တယ် " တဲ့ သူငယ်ချင်းတွေ ပြောသံ
" မိဘကို
ပြန်မကြည့်ဘူး
တကိုယ်ကောင်းသမား
" တဲ့ မိဘ ပြောသံ
" ခေါင်းရှောင်တာ
မောင်နှမအပေါ်မှာ
အကြီးမပီသသူ " တဲ့ မောင်နှမတွေပြောသံ
" အချစ်ကိုတန်ဖိုးမထားဘူး
သစ္စာမဲ့တဲ့ယောင်္ကျား
" တဲ့ ချစ်သူ ရဲ့ ဆိုသံ
အသံပေါင်းစုံ
ကြားကထွက်ခဲ့တာ ကိုယ်တော်အတွက်ပါ
သံယောဇဉ်တွေ
တွဲတာနေလည်း ကိုယ်တော့်အတွက်မို့ ပိုကာမြတ်စေ
ကားတိုင်ကိုထမ်း
ဒီလမ်းလျှောက်ဖို့
ခေါ်သံကျယ်ကျယ် ပဲ့တင်ထပ်လို့
ဘုရားတပည့်တော်လည်း
တပည့်တော်ကြီးများနှင့် မခြားနား လိုက်ခဲ့ပါပြီ . .
လမ်းပြပေးပါအရှင် . . .
သာသနာ့လယ်ကွင်းမှာ
စွမ်းစွမ်းတမန် ထမ်းရွက်နိုင်ဖို့
ဝိညာဉ်တော်
အလင်းနဲ့ လမ်းပြပေးပါသခင်
ခေါ်သံအောက်မှာ
ပျဝပ်စင်းကာ
ထမ်းရွက်ဖို့အသင့်၇ှိသူ
တည့်တော်ပါသခင်။
Justine(SFX)
No comments:
Post a Comment