Monday, October 7, 2013

အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယေဇူဆင်းဆုတော် အားကောင်းကြီးပေးဖွင့်လစ်

အလင်းသက်သေ (မြန်မာ ကက်သလစ် ဘလော့) မှ

၂၀၁၃၊ အောက်တိုဘာလ ၂ ရက်နေ့။ အန္ဒိယနိုင်ငံ၊ ဆာဂါသာသနာ၌ ကာဒီနယ်ကြီး ဂျော့ခ်အလန်ချယ်ရီမှ အမြင့်ပေအရှည်ဆုံးသော ဂရုဏာရှင်ယောဇူးဆင်းတုတော်အား ကောင်းကြီးပေးပြီး ဘုရားဖူးနေရာကို ဖွင့်လစ်ပေးခဲ့ပါတယ်။ 


ထိုဂရုဏာရှင်ယေဇူးဆင်းတုတော်မှာ အမြင့်ပေ ၄၃ပေရှိပြီး သခင်ဘုရားအား ရှာဖွေသူတို့အပေါ်မှာ သခင်ဘုရားသည် အဆင်အမြဲဂရုဏာသနားခြင်းရှိသည်ဟု ကြွေးကြော်ထားလေသည်။

ထိုဆင်းတုတော်တည်သော သာသနာသည် အရှေ့ပိုင်းကက်သလစ်အသင်းတော်၏ စိုင်ရို-မာလဘာ ကက်သလစ်ဘုရားကျောင်းဖြစ်ပါတယ်။ ထိုအသင်းတော်ဟာ ရောမမြို့ရှိပုပ်ရဟန်းမင်းကြီးနှင့် တလုံးတ၀တည်း ရှိသည့်အသင်းတော်လည်းဖြစ်ပါတယ်။ အန္ဒိယနိုင်ငံမှာ စိုင်ရို-မာလဘာ ကက်သလစ်ဘာသာဝင်ဦးရေ ၃.၈သန်းခန့်ရှိပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ဆရာတော်အပါး ၂၀နှင့်အတူ ဘုန်းတော်ကြီးနှင့် ဘာသာရေးအသင်းဂိုဏ်းဝင်များ ၁၀၀ ခန့်ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရပါတယ်။ ထိုနောက် ဂရုဏာရှင်ယေဇူးကို အထူးကိုးစားသူများ ၃၀၀ ကျော်ကိုလည်း တွေ့ရပြီး နောက်ထပ် အမေရိက၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီမှ ဘုရားဖူးခရီးသည်များ လာဦးမည်ဟုလည်း သိရှိရပါတယ်။

ဤဘုရားဖူးနေရာနှင့် ဂရုဏာရှင်ဆင်းတုတော်တည်ခြင်းမှာ ၎င်း၏ကိုယ်ပိုင်လှုံ့ဆော်မှု့မှဖြစ်ပြီး အော်တိုဘာလ ၅၊ ၂၀၀၇ တွင် ဆန်ဖရန်စစ်ကိုရှိ ဂရုဏာရှင်ယေဇူး၏ ဘုရားဖူးနေရာသို့သွားရောက်ရင် နှလုံးသားထဲမှ အတွင်းရူပရုံခံခဲ့ရပြီး ဆာဂါမြို့တွင်လည်း အလားတူဂရုဏာရှင်ယေဇူးဆင်းတုတော်နှင့် ဘုရားဖူးနေရာ ပြုလုပ်မည်ဟု သံဒိဌာန်ချမှတ်ခဲ့သည်ဟု ဆရာတော်ကြီး ချီဟာရတ်က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ဆင်းတုတော်၏အလေးချိန်မှာ ၁.၅ တန်နှင့် အမြင့် ၄၃ပေရှိပါတယ်။ မူလအစမှာ ဆင်းတုတော်အား ၈ ပေသာ ပြုလုပ်ဖို့ စဉ်းစားခဲ့သော်လည်း အထွေထွေရဟန်းအကြီးအကဲနှင့် ဌာန၏ အကြံပြုချက်က ဆင်းတုတော်အား ပေ၄၀ ပြုလုပ်ဖို့ဖြစ်ပြီး နောက်ထပ် သုံးပေထပ်တိုးကာ ၄၃ ပေဖြစ်သွားခြင်းဖြစ်ပါတယ်။
ထိုသာသနာရှိ ခါဂျူရီယာသည် ၂၀၀၇ခုနှစ်တွင် ဘုရားဖူးနေရာအဖြစ် အသိမှတ်ပြုခံရပြီး ဂရုဏာရှင်ယေဇူးအား ဆက်ကပ်အပ်နှံခဲ့ကြသည်။ ထိုအချိန်မှစ၍ မြောက်များစွာသော တန်ခိုးလက္ခဏာများမှာ ကက်သလစ်ဘာသာဝင်များနှင့် ကက်သလစ်မဟုတ်သောသူများအကြား ဖြစ်ပေါ်လေ့ရှိကြောင်း အမြဲတမ်းမှတ်တမ်းတင်နေကြရပါတယ်။ ထိုဘုရားဖူးနေရာသည် ကြော်ကြာလာပြီး ဆရာတော်ကြီး ချီယာရတ်ကိုယ်တိုင် Malign Tumor (အသားကင်ဆာ)မှ ကုသခြင်းခံရကြောင်း သက်သေခံပါတယ်။ ထို့အပြင် ထိုဘုရားဖူးနေရာသည် ဘာသာပေါင်းစုံဆွေနွေးဖလှယ်ခြင်းများ ပြုလုပ်ဖို့နေရာအဖြစ်လည်း ပံ့ပိုးကြောင်း ပြောဆိုပါတယ်။

မကြာမှီ ထိုဘုရားဖူးနေရာသို့ ရဟန္တာဖော်စတီနာ၏ ဓါတ်မွေတော်ကိုလည်း အမြဲသဒါကြည်ညိုခြင်းပေးနိုင်ရန် ဘုရားခန်းငယ်နှင့် ထားရှိမည်ဟုလည်း သိရှိရပါတယ်။

No comments: