Saturday, March 7, 2015

In memoriam of Joseph Seng Li



Joseph Seng Li

(1968-2015)
In memoriam of Joseph Seng Li eldest brother of Roi Ja Lahpai (Ah Ja) the wife of our Secretary Anthony Aung.
The honor of your presence is requested at a memorial service on this Saturday, the seven of March at seven o’clock.
The address;
1 Randolph Spring Ct
Catonsville MD 21228
He passed away with Liver cancer on Tuesday (March 03, 2015) in Myitgina, Kachin State in Myanmar (Burma). He left his wife Twa Pan and his two daughters in Kachin State, Myanmar.
May His Soul rest in peace and Let’s pray for his soul.

ချစ်လှစွာသောဘာသာတူညီအစ်ကိုမောင်နှမများ
MCA (DC area)၏ အတွင်းရေးမှူး တာဝန် ထမ်းဆောင် နေသူ ဦးအောင်အောင် ၏ ဇနီး မရော်ဂျာလဖိုင် (အားဂျာ) ၏ ချစ်လှစွာသော အကိုကြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင်နေထိုင်သူ  Joseph Seng Li သည် မြန်မာစံတော် ချိန် မတ်လ (၃) ရက်နေ့်တွင်ခေါ်တော်မူခြင်းခံခဲ့ရပါသည်။ ကွယ်လွန်သူသည် ကျန်ရစ်သူ Twa Pan ၏ခင်ပွန်းဖြစ်၍သမီး  (၂)  ယောက် ကျန်ရစ်ခဲ့ပါသည်ဟုကြားသိရပါသည်။
သို့ ဖြစ်ပါ၍ MCA ရှိဘာသာတူများအနေဖြင့်  ကျန်ရစ်သူ မေရီလန်းရှိ ကွယ်လွန်သူ၏ညီမ Roi Ja lahpai (အားဂျာ) ထံသို့  စုပေါင်းကာ ဆုတောင်းနှစ်သိမ့်  နိင်ရန်အတွက် လူကြီးမင်းနှင့် တကွမိသားစုများအား ဖိတ်ကြားအပ်ပါသည်။

အချိန် -ညနေ (၇) နာရီ
မတ်လ (၇) ရက် ၂၀၁၅ (စနေနေ့)
နေရာ-
1 Randolph Spring Ct
Catonsville MD 21228

အစဉ်လေးစားလျှက်
Joseph Thang
MCA (DC area)

Monday, January 19, 2015

Sunday, January 4, 2015

မြန်မာနိုင်ငံအတွက် ပထမဆုံးကာဒီနယ်အမတ်ကြီး ဆရာတော်ကြီးချားလ်စ်ဦးဘို ခန့်အပ်ခံရ

မြန်မာနိုင်ငံမှ ပထမဆုံးကာဒီနယ်အမတ်ကြီးအဖြစ် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဦးဘိုအား ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဇန်န၀ါရီလ ၄၊ ၂၀၁၅ တွင် ခန့်အပ်တင်မြှောက်လိုက်ပါတယ်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်မှ ကာဒီနယ်အမတ် အသစ် ၂၀ အား ထပ်မံရွေးကောက်တင်မြှောက်လိုက်ပါတယ်။ ဤသည်မှာ အရှင်သူမြတ် ဖရန်စစ်၏ ပုပ်ရဟန်းမင်းကြီးအသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ရွေးကောက် တင်မြှောက် ခြင်းလည်း ဖြစ်ပါတယ်။ ၁၅ပါးသော ကာဒီနယ်အမတ်အသစ်များမှာ အသက်တော် ၈၀ အောက်ဖြစ်ပြီး နောက်ထပ် ပုပ်ရဟန်းမင်းအသစ်ရွေးချယ်ခွင့်ရှိသူများ ဖြစ်လာပါတယ်။ ထို့အပြင် နောက်ထပ် ၅ပါးသော ကာဒီနယ်အမတ်သစ်များမှာတော့ အနားယူပြီးဖြစ်သော ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးများ ဖြစ်ကြပါတယ်။

ယခုဒုတိယအကြိမ်မြောက်အဖြစ် ကာဒီနယ်အမတ်သစ် ၂၀ အားရွေးကောက်တင်မြှောက်ရာတွင် စိတ်ဝင်စားဆုံးဖြစ်စေသည့် မြန်မာနိုင်ငံမှ ဆရာတော်ကြီးချားလ်စ်ဦးဘို ပါဝင်လာပါတယ်။ ဆရာတော်ကြီး ချားစ်ဦးဘိုဟာ ၁၉၄၈ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ရဟန်းသိက္ခာတော်ကို ခံယူရရှိခဲ့ပါတယ်။ ထို့နောက် လာရှိုးဂိုဏ်းအုပ်သာသနာ၏ ဆရာတော်အဖြစ် ၁၉၉၀ ခုနှစ်တွင် တင်မြှောက်ခန့်အပ်ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာတော့ ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် မန္တလေးဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ် တာဝန်ပေးခန့်အပ်ခံခဲ့ရကာ ၂၀၀၃ ခုနှစ်မှ လက်ရှိအချိန်ထိတော့ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်အဖြစ် တာဝန်ယူလမ်းပြဦးဆောင်နေပါတယ်။

ရွေးကောက်ခံကာဒီနယ်အမတ်လောင်းများကိုတော့ ဖေဖေါ်ဝါရီလ ၁၄ မှာတရားဝင် တင်မြှောက်ဘိတ်သိပ်ပေးမှာ ဖြစ်ပြီး ထိုရက်မတိုင်ခင် ၁၂၊ ၁၃ ရက်များမှာတော့ ရိုမင်ကူယီယာအား ပြန်လည်ပြုပြင်ရန်အတွက် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ ၎င်းကာဒီနယ်လောင်းများနှင့် စည်းဝေးတိုင်ပင်သွားမည်ဖြစ်ကြောင်းလည်း ကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကာဒီနယ်အမတ်လောင်း ဆရာတော်ကြီးချားလ်စ်ဦးဘိုအား ဂုဏ်ပြုရင်း ဘုရားသခင်၏ဂုဏ်တော်ဘုန်းတော်အား ချီးမွမ်းကြပါစို့။

မနောအောင် (Shared from အလင်းသက်သေ)
သတင်း -
http://www.news.va/en/news/pope-announces-names-of-new-cardinals
http://www.bbc.com/news/world-europe-30672018

Wednesday, December 31, 2014

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဖာသာရ်ဂျွန်စောယောဟန်အား လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်

John-Saw-Yaw-Han
ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ရန်ကုန်ကက်သလစ်သာသနာမှ ကရင်လူမျိုးဖြစ်သော ဖာသာရ် ဂျွန်စောယောဟန် (အသက်တော် ၄၆ နှစ်) အား ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်၏ လက်ထောက် ဆရာတော် Auxiliary Bishop of Yangon Archdiocese အဖြစ် ရွေးချယ်ခန့်အပ်တော်မူခြင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မြန်မာ စံတော်ချိန် ညနေ ၅း၃၀ တွင် ဗာတီကန်ရေဒီယိမှတဆင့် ကြေညာလိုက်သည်။ ဆရာတော်လောင်း သည် လက်ရှိတွင် ရန်ကုန်ရဟန်းဖြစ်တကသိုလ်၏ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်နေသည်။ ထို့အပြင် ဆရာတော်လောင်းသည် နှိမ့်ချပြီး သိမ့်မွေစွာနေထိုင်တတ်သူ ဖြစ်သည်။  ဆရာတော်လောင်းအတွက် ၀ိုင်းဝန်း ဆုတောင်းပေးကြပါစို့။ 

ဝင်းလှိုင်ဦး

Tuesday, December 2, 2014

Thursday, November 6, 2014

Fundraising for Christmas

Please help us to celebrate our Christmas day (2014) buying our raffle tickets. It is cost only $2.00 per ticket and the first price is Samsung Galaxy Tab 4 WI-fi and value of $350.00. Please check the attachment for detail information.
Please contact us to get some tickets. Tickets will be distribute on this coming Sunday (11/09/2014) at Baltimore. Winning tickets does not need to be proof to claim your awards.
Thank you for your kindness,

Monday, September 22, 2014

Time to prepare for Christmas!



Hello MCA (DC area)
September 21, 2014
I hope everyone is enjoyed Summer time with families or friends. It is time for us to gather again for the Christmas again.
I just would like to remind to all of you about our upcoming Christmas celebration (2014) and Caroling in the regions. As we all know, it is difficult to get all of us together to discuss things. But we do have some days that we can be together before the Christmas day. We can meet and create the plan or schedule for the celebration.
We can bring our ideas together to the meeting to celebrate our Lord Jesus Christ’s birthday. We can plan a program for the children.
On September 21, 2014 we will be gathering in Rockville area for the regular monthly home pray. We will also be together on October 12, 2014 after the Mass at Our Lady of Victory.
So that we have some dates that we could meet as a meeting are,
September 27, 2014 (After Home Pray in Rockville)
October 12, 2014 (After Mass at Our Lady of Victory)
October 25, 2014 (After Home Pray in Rockville)
November 09, 2014 (After Mass at Our Lady of Victory)
November 29, 2014 (After Home Pray in Rockville)
December 14, 2014   (After Mass at Our Lady of Victory)
Please bring the new ideas for the celebration and raising our fund for the community. All suggestions or ideas are welcome. Please share this message to someone who does not have email yet on MCA email list.
Best regard,
Joseph Thang

Monday, August 11, 2014

ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်


 50-b

 ဂလိုရီယားသတင်းဂျာနယ်မှသတင်းရရှိပါသည်

ဇူလိုင် (၁၁)၊ ရန်ကုန်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က လက်ရှိဒုတိယဥက္ကဌတာဝန်ထမ်းဆောင်နေသော ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်အား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌအဖြစ် ခန့်အပ်ရွေးချယ်လိုက်သည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့၏နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့စဉ် ၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများအဖွဲ့ကို ဦးဆောင်မည် ဥက္ကဌကို ထိုကဲ့သို့ ရွေးချယ်လိုက်ကြခြင်း ဖြစ်ပေသည်။ လက်ရှိဥက္ကဌကမူ ပုသိမ်ကက်သလစ် သာသနာမှ ဆရာတော်ဂျွန်မန်းဆိန်းဟှီ ဖြစ်ပြီး သူ၏ ဥက္ကဌသက်တမ်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့ကို ဦးဆောင်နိုင်မည် ဆရာတော်တစ်ပါးအား မိမိတို့၏ဥက္ကဌကို သုံးနှစ်လျှင်တစ်ကြိမ် မဲပေးရွေးချယ်တော်မူကြသည်။ ၄င်းသုံးနှစ်သက်တမ်း သည် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်လည်း ရှိထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌများသည် များသောအားဖြင့် သုံးနှစ်သက်တမ်းရှိ ဥက္ကဌတာဝန် ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ကြရသည်။ သို့သော် မန္တလေးကက်သလစ်သာသနာပိုင်ချုပ်၊ အငြိမ်းစားဆရာတော်ကြီး ပေါလ်ဇိန်ထုံးကရောင်ကမူ ဥက္ကဌအဖြစ် အရွေးခံရပြီး တာဝန် ထမ်းဆောင် နေချိန်တွင် ကျန်းမာရေးမကောင်းသောကြောင့် ဒုတိယဥက္ကဌ ဖြစ်သော ဆရာတော် ဂျွန်ဆိန်းဟှီအား တာဝန်လွဲပြောင်း ပေးတော်မူခဲ့သည်။
ကလေးဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်သည် ဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း မခံရချိန်က တည်းက၊ ဗာတီကန်နိုင်ငံ၏ သံတမန်လောကတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သံတ မန်ဟောင်း ဖြစ်တော်မူသည်။ ထို့ကြောင့် ဆရာတော်ကြီးသည် ကာနွန်ဥပဒေကို တဖက်ကမ်းကျွမ်းကျင် သူ ဖြစ်သည့်အပြင် ဗာတီကန်နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အရေးအသားများတွင် လည်းကောင်း တခြားဆရာတော်ကြီးများထက် ပိုမိုပြီး သိကျွမ်းနားလည်သော ဆရာတော်ကြီး ဖြစ်မည်ဟု သုံးသပ်မိပါသည်။
ဆရာတော်ဖေးလစ်လျန်ခဲန်းထန်သည် ၂၀၀၆ ခုနှစ် မေလ ၆ ရက်နေ့တွင် ဟားခါးသာသနာပိုင် ဆရာတော်ကြီးနီကော်လပ်စ် မန်းထန်၏လက်ထောက်ဆရာတော်အဖြစ် ဘိသိက်ပေးခြင်းကို ခံရသည်။ ထို့နောက် ၂၀၁၀ ခုနှစ် မေလ ၂၂ ရက်နေ့တွင်မူ၊ ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) က ကလေးသာသနာ အဖြစ် ဟားခါးသာသနာမှ သီးသန့်ခွဲထုတ်တည်ထောင်လိုက်ပြီး ဆရာတော်ဖေးလစ်လျန်ခဲန်းထန်အား ကလေးကက်သလစ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ကာ ၂၀၁၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကလေးသာသနာကို စတင်တရားဝင် ဦးဆောင်လာတော်မူသည်။ ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌတာဝန်ကို စတင်ထမ်းဆောင်မည့် ဆရာတော်ကြီး ဖေးလစ် လျန်ခဲန်းထန်သည်  မြန်မာပြည်ကက်သလစ်သာသနာတော်နှင့်နိုင်ငံတော်အတွက် မည်ကဲ့သို့ သော ခေါင်းဆောင်မှုမျိုးကို ပေးနိုင်မည်ကိုမူ စောင့်ကြည့်ကြရအုံး မည် ဖြစ်သည်။ ၀၀၁ ဂျိုးဇက်

Thursday, July 3, 2014

ဗာတီကန်၌တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ဖိတ်ကြားချက်ကို အီစ္စရေးနှင့် ပါလက်စတိုင်းတို့ လက်ခံ

မေလ ၂၅ရက်နေ့၊ ဘက်သလက်ဟင်မြို့ရှိ ခရစ်တော်မွေးဖွားရာ နွားတင်းကုပ်ရင်ပြင်တော်၌ မစ္ဆားတရားတော်မြတ် ပူဇော်အပြီးတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်က အီစ္စရေးသမ္မတနှင့် ပါလက်စတိုင်းသမ္မတတို့အား ငြိမ်းချမ်းရေးလက်ဆောင်အတွက် ဘုရားသခင်ထံစိတ်နှလုံးအပြည့်ဖြင့် ဆုတောင်းရာ၌ သူနှင့်အတူဆုတောင်းပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် အရှင်သူမြတ်ဖရန်စစ်က သူ၏အိမ် “ဗာတီကန်အား ဤငြိမ်းချမ်းရေးဆုတောင်းမေတ္တာဆုံစည်းရာနေရာအဖြစ် ဆက်ကပ်ပါတယ်” ဟုမိန့်ဆိုခဲ့ပါတယ်။

အရှင်သူမြတ်ဖရန်စစ်၏ ဖိတ်ခေါ်ကမ်းလင့်ချက်ကို လက်ခံကြကြောင်း အီစ္စရေးသမ္မတ စီမွန်ပဲရက်စ်နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်တို့အား ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီစ္စရေးသမ္မတ ပဲရက်စ်ရုံးမှထုတ်ပြန်ချက်တွင် “ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်၏ဖိတ်ခေါ်ခြင်းကို ကျွန်တော်တို့လက်ခံပါတယ်။ သမ္မတကြီးပဲရက်စ်ဟာ ငြိမ်းချမ်းရေးကိုသယ်ဆောင်ပေးမည့် မည်သည့်နေရာမဆို ထောက်ခံကြိုဆိုလျက်ရှိပြီး ဆက်လက်ထောက်ခံကြိုဆိုသွားမယ်” လို့ဆိုပါတယ်။ ပါလက်စတိုင်းသမ္မနှင့် အခြားခေါင်းဆောင်များက ဒီနေ့အထိ လက်မခံနိုင်စရာအခြေနေတွေ ဆက်တိုက်ဖြစ်ပေါ်နေတာတွေ ရပ်တန့်ဖို့ အချိန်အခါကျရောက်ပြီဟု မှတ်ချက်ပေးကြပါတယ်။

အရှင်သူမြတ်ဖရန်စစ်က ၎င်း၏မစ္ဆားတရားတော်မြတ်အပြီးတွင် “ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးကို အလိုရှိကြပါတယ်” ဟုအတည်ပြုမိန့်ဆိုခဲ့ပါတယ်။ “လူပေါင်းများစွာဟာ ၎င်းငြိမ်းချမ်းရေးကို တနေ့ပြီးတနေ့ ၎င်းတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်ငယ်လေးများဖြင့် တည်ဆောက်ယူကြတယ်။ ၎င်းတို့ထဲမှာ အများဆုံးက ဝေဒနာခံစားကြရတယ် - ဒါပေမယ့် စိတ်ရှည်သီးခံစွာနဲ့ ၎င်းတို့တတွေဟာ ငြိမ်းချမ်းရေးလုပ်ဆောင်သူများ အဖြစ် ၎င်းတို့၏ကြိုးစားအားထုတ်မှုမှာ ထိန်းသိမ်းကြတယ်” ဟုအရှင်သူမြတ်ဖရန်စစ်က ထပ်မံဆိုပါတယ်။

အီစ္စရေးနှင့်ပါလက်စတင်းတို့၏ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ယခင်နှစ်ကျော်ကျော်ကတည်းက ပျက်ပြားခဲ့ပြီး အရှင်သူမြတ်ကြီးက ၎င်းကို “မတည်ငြိမ်သည့်ဥတုတစ်ခု” ဟုမိန့်ဆိုလိုက်ပါတယ်။


အရှင်သူမြတ်ဖရန်စစ်၏ အရှေ့အလယ်ပိုင်း ဒေသသို့ ဒေသနာတော် လှည့်လည်ခြင်းနှင့် ဘုရားဖူးခရီးစဉ်တွင် တနင်္ဂလာနေ့၌တွေ့ဆုံမည့် အစည်းအဝေးတစ်ခုလည်း အပါအ၀င်ဖြစ်ပါတယ်။ ၎င်းအစည်းအဝေးတွင် အီစ္စရေးသမ္မတပဲရက်စ်၊ ၀န်ကြီးချုပ် ဘမ်ဂျာမင်နှင့်အတူ ခရစ်ယာန်၊ အီစ္စလန်ဘာသာနှင့် ဂျူးဘာသာမှ ဘာသာရေး ခေါင်းဆောင်ကြီးများလည်း အများအပြားပါဝင်ကြမည်ဟု သိရှိရပါတယ်။
မနောအောင်
Shared from အလင်းသက်သေ

Monday, May 19, 2014

ဘာသာရေး ခေါင်းဆောင်များ လည်း မဲပေးပိုင်ခွင့် လည်းရှိကြ ကြောင်း ဆရာတော်ကြီး ချားလ်စ်ဘိုက မိန့်ကြားတော်မူ

Shared from Gloria New Journal...........


ဆရာတော်ကြီး ချားလ်စ်ဘိုက နိုင်ငံ သားတိုင်း နှစ်သက်ရာဘာသာကို ကူး ပြောင်းခွင့်ရှိကြသလို မဲပေးပိုင်ခွင့်လည်း ရှိကြသည်ဟု ဂလိုရီးယားသတင်း ဂျာနယ်သို့ မိန့်ကြားတော်မူလိုက်သည်။ ဆရာတော်ကြီးက နိုင်ငံသားအခွင့် အရေးကို အပြည့်အ၀ရရှိခြင်းသည် ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်း၏ အခြေခံဖြစ်ကြောင်း၊ ထို့ကြောင့် လက် ထပ်ထိမ်းမြားခြင်းသည် အတင်း အကျပ်လုပ်ယူခြင်းမှ လွတ်လပ်ရန် လိုအပ်သကဲ့သို့ ကွဲပြားနေကြသော ဘာသာတရားများမှ လူတိုင်းအတွက် လက်ထပ်ထိမ်းမြားခြင်းကို ဖွင့်လှစ် ပေးရမည်ဟု မိန့်ကြားခြင်းဖြစ်သည်။
ဆရာတော်ချားလ်စ်ဘိုက ““ဘာသာ ရေးခေါင်းဆောင်များအပါအ၀င် မြန် မာနိုင်ငံသူ/သားတိုင်းသည် ဘာ သာကူးပြောင်းခွင့် ရှိကြသကဲ့သို့ မဲပေးပိုင်ခွင့်လည်း ရှိကြကြောင်း၊ ထို့ ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင် ဘာသာရေးခေါင်းဆောင်များ (ခရစ်ယာန်ဘုန်းတော်ကြီးများ၊ ကိုရင် များနှင့်သီလရှင်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သင်းအုပ်ဆရာ/ဆရာမများနှင့် တခြားဘာသာမှ ဘာသာရေးခေါင်း ဆောင်များ) အားလုံးကို မဲထည့်ပိုင်ခွင့် ပေးရန်”” နိုင်ငံတော် အစိုးရအား တောင်းဆိုတော်မူလိုက်သည်။ဆရာတော်ကြီးက ““မြန်မာ့ယဉ်ကျေး မှုကိုကြည့်ရင် လူငယ်တွေဟာ လူကြီး မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့ ဓလေ့ တွေရှိကြတယ်။ ဒါပေမယ့် ဒီလိုမျိုး ဓလေ့ကို အခြေခံပြီး လူငယ်တွေဟာ မိမိတို့ရဲ့ ကြင်ဖော်တွေကို မရွေးချယ် ကြဖို့လည်း လိုအပ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဘယ်မိဘ၊ ဘယ်ဆရာ သမားကမှ မိမိတို့သားသမီးများမလိုချင် တဲ့ကြင်ဖော်ကို မိမိတို့သားသမီးများကို အတင်းပေးစားလို့မရကြောင်း၊ ဘာသာ ရေးခေါင်းဆောင်တွေမှာလည်း လင် မယားတွေကို လမ်းညွန်ဖို့ တာဝန်ရှိကြ သလို စုံတွဲတစ်ဦးစီရဲ့ ဘာသာကိုး ကွယ်မှုအတိုင်း လက်ထပ်ထိမ်းမြားခြင်း ကို ပြုလုပ်ပေးကြဖို့လည်း တာဝန်ရှိ ကြကြောင်း၊ အထူးသဖြင့် ဘာသာကွဲ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်များအနေနဲ့ ဘာသာနှစ်ခုရဲ့ ၀တ်နည်းအတိုင်း လက်ထပ်ခြင်းကို ပြုလုပ်နိုင်ဖို့အတွက် နှစ်ဖက်စလုံးက ကြိုးပမ်းကြဖို့ လိုအပ် ကြောင်း”” ဖြင့် အကျယ်တ၀င့် ရှင်းပြ တော်မူသည်။
ဆက်လက်ပြီး ဆရာတော်ကြီး ချားလ်စ် ဘိုက ဘာသာကူးပြောင်းခြင်းနဲ့ စပ် လျဉ်းပြီး မိန့်ကြားရာတွင် ““ဘာသာ ကူးပြောင်းခြင်းနဲ့ပတ်သက်ပြီး ကာယ ကံရှင်ရဲ့ လွတ်လပ်တဲ့ဆန္ဒ သဘော အတိုင်းသာဖြစ်ရမယ်။ ဘယ်သူကမျှ မည်သူ့ကိုမှ အတင်းဘာသာ ကူးခိုင်း လို့မရကြောင်း၊ လူတိုင်းက မိမိတို့ နှစ် သက်တဲ့ ဘာသာတရားအပေါ်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်၊ ဘုရားမဲ့သူတွေကိုတောင် မိမိတို့ သဘောအတိုင်း ဘယ်ဘုရားမှ မယုံ ကြည်ဘဲ နေထိုင်ခွင့်ရှိကြရမှာ ဖြစ် ကြောင်း”” ဖြင့် မီးမောင်းထိုးပြတော်မူ လိုက်သည်။
မဲပေးပိုင်ခွင့်နဲ့စပ်လျဉ်းပြီး ဆရာတော် ကြီးက ““ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြတဲ့ ခရစ်ယာန် ဆရာတော်များ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များ၊ အသင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာ သံဃာတော်များနှင့် သီလရှင်များ အားလုံးဟာ နိုင်ငံသားများ ဖြစ်ကြတဲ့ အတွက်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိကြဖို့လိုအပ်ကြောင်း”” မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲဆိုင်ရာ မဲပေးပိုင်ခွင့် အပေါ် ဝေဖန်တော်မူလိုက်သည်။
ဂျိုးဇက်