Tuesday, December 17, 2013

မေရီလန်းမိသားစု စာပေစကားဝိုင်း

Shared from  ကမ္ဘာသစ်မီဒီယာ
နာမည်ကျော် မြန်မာစာပေ အနုပညာရှင် လေးဦး ဟောပြောမည့် စာပေစကားဝိုင်းကို မေရီလန်းပြည်နယ်၊ ရော့ခ်ဗီးလ်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
(ပုံကြီးကြည့်ရန် ပုံကို ကလစ်လုပ်ပါ။)ဟောပြောမည့် စာပေသမားများမှာ အကယ်ဒမီဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ အသံလွှင့်စာနယ်ဇင်းဆရာ ဝင်းဖေ၊ သင့်ဘဝ အယ်ဒီတာဟောင်း၊ အသံလွှင့်စာနယ်ဇင်းဆရာ မောင်သစ်ဆင်း၊ ရသစာပေနှင့် အသံလွှင့်စာနယ်ဇင်းဆရာမ မေငြိမ်း၊ ရသစာပေနှင့် အသံလွှင့်စာနယ်ဇင်းဆရာမ ခက်မာတို့ ဖြစ်ကြပါသည်။
အမေရိကန် ပြည်ထောင်စု အရှေ့ဖက်ကမ်းခြေ၊ မေရီလန်းပြည်နယ်သည် မြန်မာလူမျိုးများ အနေအထိုင်များသည့် ဗာဂျီးနီးယားပြည်နယ်၊ ဝါရှင်တန် ဒီစီတို့ဖြင့် ဆက်စပ်တည်ရှိနေပါသည်။ မြန်မာဘာသာအစီအစဉ် ပါဝင်သော ဗီအိုအေနှင့် အာအက်ဖ်အေ အသံလွှင့်ဌာနများ တည်ရှိသည့် ဝါရှင်တန် ဒီစီနှင့်ကပ်လျက်တည်ရှိသောကြောင့် အသံလွှင့်စာနယ်ဇင်းသမားများ မွေ့လျော်ရာ နယ်မြေဖြစ်ပါသည်။
မေရီလန်းမိသားစု စာပေစကားဝိုင်းမှာ ပြောဖြစ်မည့် ခေါင်းစဉ်များမှာ-
  • ဝင်းဖေ - စာပေစကား
  • မောင်သစ်ဆင်း - ကြားဖူးနားဝ စာတိုပေစ
  • မေငြိမ်း - စာပေ နဲ့ တကယ့်ဘဝ
  • ခက်မာ - ခံစားမှုကို ရွေးချယ်ခြင်း
၂၀၁၃၊ ဒီဇင်ဘာလ၊ ၂၁ ရက်၊ စနေနေ့၊
(နေ့လည် ၁ နာရီ မှ ၅ နာရီထိ)
နေရာ။ သပြေညို မြန်မာစာသင်ကျောင်း
5911 Ridgway Ave.
Rockville, M.D. 20851 -1931.
မြန်မာနိုင်ငံ အနုပညာလောကတွင် နာမည်ကျော်သော အနုပညာရှင် လေးဦး၏ ဟောပြောပွဲသို့ မြန်မာစာပေနှင့် အနုပညာကို စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်ကြပါရန် ဖြစ်မြောက်ရေး ကော်မတီက ဖိတ်ကြားထားပါသည်။

No comments: