Thursday, January 9, 2014

သန့်ရှင်းမြေ (Holy Land)သို့ ပုပ်ရဟန်းမင်းကြီးဘုရားဖူးခရီးသွားမည်

အလင်းသက်သေ (မြန်မာ ကက်သလစ် ဘလော့) မှ ကူးယူ ဖေါ်ပြပါသည်။
 
 
လာမည့် မေလတွင် သန့်ရှင်းမြေ (Holy Land)သို့ ဘုရားဖူးခရီးစဉ်အဖြစ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၅.၁.၂၀၁၄)နေ့ခင်းအန်ဂျေလုမေတ္တာတိုင်ချိန် ဘုရားဖူးဧည့်သည်တော်များဖြင့် ပြည့်နက်နေသော စိန်ပီတာရင်ပြင်၌ ကြေငြာခဲ့ပါတယ်။ ယခုလို ဘုရားဖူးခရီးစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကက်သလစ်နှင့်အော့သိုဒေါ့စ်ခရစ်ယာန်တို့အကြားရှိ ဆက်နွယ်ဆက်ဆံမှု့ပြန်လည် ပြုလုပ်လာတာ နှစ် ၅၀ပြည့်၍ ဂျူဘလီအထိန်းအမှတ်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။


ထိုကြောင့် သူ၏ သန့်ရှင်းမြေ(Holy Land) သို့ဘုရားဖူးခရီးစဉ်၌ ကွန်စတန်တီးနို အော့သိုဒေါ့စ်အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ဘာသိုလိုမေဦး (၁)နှင့်တွေ့ဆုံမည်ဖြစ်ပါတယ်။ ထိုနောက် ခရစ်တော်မြုပ်နှံရာ နေရာဖြစ်သည့် သန့်ရှင်းသောလိုဏ်ဂူ၌ ခရစ်ယာန်များစည်းလုံးညီညွတ်ရေးအစည်းဝေးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်။
လွန်ခဲ့သည့် နှစ် ၅၀၌ ပုပ်ရဟန်းမင်းကြီးပေါလူး (၆)နှင့် အော့သိုဒေါ့စ်ဆရာတော်ကြီး အာသနာဂေါရတ်စ် (၁) တို့သည် သမိုင်းဝင်သည့်တွေ့ဆုံမှု့ပြုလုပ်ခဲ့ကြပါတယ်။ ထိုတွေ့ဆုံခြင်းသည် ယခု ဇန်န၀ါရီလ ၅ ရက်နေ့တွင် နှစ် ၅၀တိတိပြည့်ပြီ ဖြစ်ပါတယ်။ ထိုသမိုင်းဝင်တွေ့ဆုံမှု့မှ ကက်သလစ်နှင့် အော့သိုဒေါ့စ်ခရစ်ယာန်တို့အကြား ပြန်လည်စည်းလုံးညီညွတ်လာခဲ့ပြီး တိုးတက်မှု့များဆက်တိုက် ဖြစ်ထွန်းလာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဂျေရုဇလင်မြို့အပြင် နောက်ထပ် ဘက်သလဟင်၊ အာမန်နှင့် ဂျော်ဒန်ဒေသသို့လည်း ခရီးသွားဦးမည်ဖြစ်ပါတယ်။

ယခုလို သန့်ရှင်းမြေ (Holy Land)သို့ ဘုရားဖူးခရီးစဉ်ပြုလုပ်ခြင်းသည် အော့သိုဒေါ့စ်ဆရာတော်ကြီး ဘာသိုလိုမေဦး (၁)၏ ဖိတ်ခေါ်ခြင်းကို ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ဘာသိုလိုမေဦးသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား ပုပ်ရဟန်းမင်းကြီးအဖြစ်တင်မြှောက်သည့် အခမ်းနား (၂၀၁၃ မတ်လ)တွင် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မနောအောင်

No comments: