Tuesday, March 11, 2014

တောင်ကိုးရီးယားသို့ ပုပ်ရဟန်းမင်းကြီးသွားရောက်လည်ပတ်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တောင်ကိုးရီးယားသို့သွားရောက်လည်ပတ်မည်ဟု တရားဝင်သတင်း ထွက်ပေါ်လာခဲ့ပါပြီ။ ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သတင်းဌာနမှလည်း ဤအကြောင်းအရာကို ထပ်မံအတည်ပြု ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှ နိုင်ငံတော်သမ္မတ္တနှင့် ဆရာတော်ကြီးများ၏ဖိတ်ကြားချက်ကို လက်ခံကြိုဆိုသောအားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တောင်ကိုးရီးယားနိုင်ငံသို့ လာမည့် သြဂုတ်လ ၁၄ - ၁၆ ရက်များအတွင်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆဌမအကြိမ်မြောက် အာရှ့လူငယ်များနေ့လည်းဖြစ်ပြီး ၎င်းကို ဒေဂျေအွန်း (Daejeon) သာသနာအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည်လည်း ထိုပွဲတော်အခါအတွင်း တောင်ကိုးရီးယားနိုင်ငံသို့ တမန်တော်အလည်အပတ်ပြုလုပ်မည်ဖြစ်ပါသည် ဟု သတင်းစာထဲတွင် ဖော်ပြထားပါတယ်။

ယခုလည်ပတ်ခြင်းဟာ တောင်ကိုးရီးယားသို့ ၂၅နှစ်အတွင်း ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ လည်ပတ်ခြင်း  ပထမအကြိမ်ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်လွန်ဘတ်ဒီကတော့ “ပုပ်ရဟန်းမင်းကြီးဟာ ဆိုးလ်မြို့တွင် ခေတ္တ၀င်ရောက်ဖို့ အချိန်ဇယားဆွဲထားပြီး ၁၈ရာစုနှင့် ၁၉ရာစုအတွင်း ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသည့် ကိုးရီးယားဓမ္မအာဇာနည်များကို ကက်သလစ်အသင်းတော်မှ ရဟန္တာများအဖြစ်သို့ တင်မြှောက်ခြင်းအခမ်းနားသို့ ပါဝင်တက်ရောက်မည် ဖြစ်ပါတယ်။”

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အာရှ-ပစိဖိတ်ခရီးစဉ်နှင့်စပ်လျဉ်း၍ တောင်ကိုးရီးယားမှ မကြာသေးမှီက ရဟန်းအမတ်ကြီး (ကာဒီနယ်)အဖြစ်သို့ တင်မြှောက်ခြင်းခံခဲ့ရသော ကာဒီနယ်ကြီး အမ်ဒရူးယွမ်ဆူးဂျန်ကတော့ ယခုလို မှတ်ချက်ပြုခဲ့ပါတယ် - “ယေဇူးခရစ်တော်ဟာ အာရှရဲ့နှလုံးသားမှာ ဖွားမြင်ခြင်းကို ခံယူခဲ့တာပါ။ ယခုလို ပုပ်ရဟန်းမင်းကြီးတစ်ပါး၏လာရောက်လည်ပတ်ခြင်းဟာ အာရှရှိ အသင်းတော်အား မျှော်လင့်ခြင်းတွေ ထပ်မံတိုးထည့်ပေးသလို နောက်ထပ် ခေတ်သစ်တစ်ခုကိုလည်း ကြိုဆိုဖွင့်လစ်လိုက်ခြင်းပါ။”

ထိုခရီးစဉ်နှင့်စပ်လျဉ်း၍ နောက်ထပ်အသေးစိတ်သတင်းတွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။ မကြာခဏဆိုသလို သီရိလင်္ကာအပါအ၀င် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများကို ပုပ်ရဟန်းမင်းကြီးက လာရောက်လည်ပတ်ဖို့ ဆန္ဒရှိသည်ကိုတော့ မကြာခဏ ကြားနေရပါတယ်။ တောင်ကိုးရီးယားနိုင်ငံသို့ ၁၉၈၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ (၂) လာရောက်ခဲ့ဖူးပါတယ်။

No comments: